Monday, February 2, 2009

#အရင်းနှီးဆုံး တစိမ်းနှစ်ဦးရဲ့ဆက်ဆံရေး











တကယ်တော့ လင်မယား ဆိုတာ အရင်းနှီးဆုံး တစိမ်းတွေပါပဲ။တစ်ယောက် နဲ့ တစ်ယောက် နားလည်မှု

ရှိတယ်၊
အယူ အဆတူတယ်လို့လက်တွဲပြီး၊ တကယ့်ဘ၀ထဲကိုဝင်ရောက်လာချိန်မှာ
မှအသွင်မတူတာတွေ

စိတ်ချင်းမတိုက်ဆိုင်တာတွေ အနည်းနဲ့အများ ရှိလာစမြဲပါ။ချစ်သူဘ၀နဲ့ကတော့ အနည်း နဲ့အများဆိုသလို

ကွဲပြားကြမှာပါ။တစ်ချို့.ကျ
တော့ အဲဒီ မတိုက်ဆိုင်မှုတွေ တဖြေးဖြေးကြီးထွား လာတဲ့အခါ
ကိုယ့်လမ်းကိုယ်

လျှောက်ကြဖို့အထိဖြစ်လာကြပါတယ်။
ဒါတွေကို ကိုယ့်ရဲ့ဘ၀မှာ မတွေ့ ကြုံရလေအောင် အကောင်းဆုံးဘယ်

လို
ထိမ်းသိမ်းရမလဲ။အရေးကြီးဆုံးကတော့ နင်ကဘယ်လို၊ငါကဘယ်လို ဆိုပြီး တစ်ယောက်ကိုတစ်ယောက်

ကဲ့ရဲ့ ရှုံ.ချခြင်း ပြုမနေဘဲ နဲ့
တစ်ယောက်ရဲ့ကောင်းကွက်ကို တစ်ယောက်ကရှာပြီး
ချီးမွမ်းပါ။ဖြစ်နိုင်ရင်တတ်နိုင်

သမျှ
အချင်းချင်း လေးလေးစားစား ဆက်ဆံသင့်သည်ဟုထင်သည်။လူတစ်ယောက်က အခြားတစ်ယောက်

ကို ဆိုးသောအမြင်ဖြင့်ကြည့်လျှင်အဲဒီ့လူ လုပ်သမျှအားလုံးကိုအဆိုးပဲမြင်မိမှာဖြစ်ပြီး၊သူတို့၂ဦးကြားမှာရှိတဲ့

ဆက်ဆံရေးကိုပိုမို ဆိုးရွားစေသည်။
ဒါပေမယ့် အဆိုးမြင်ခံရသူအားထူးပြီးပြောင်းလဲစေမှာမဟုတ်။


မိမိရဲ့ အိမ်ထောင်ဖက်အားသံသယအမြင်၊
အဆိုးမြင်ဝါဒီနှင့်ကြည့်ပါက ပျော်ရွှင်ဖွယ်ရာအိမ်ကလေးသည် ကား

နေပျော်ဖွယ်ရာမကောင်းတော့။
အိမ်ထောင်တစ်ခုတွင် အိမ်ထောင်ဦးစီးယောက်ျား ကမိသားစုရဲ့အသက်

သွေးကြောပေပင်။ဖတ်ခဲ့ဖူးသောစာများမှမှတ်မိသောဒီစာကလေး' the husband most needs the respect

and support of his wife and
the wife most needs the love and gratitude of her husband .Father is

like the sun that shines on everything. The mother receives the light and like the water

peacefully enriches
the entire family and is the source of its vitality.'(Dr. Taniguchi)


နောက်ပြီးတစ်ယောက် နှင့် တစ်ယောက်ပွင့်လင်းဖို့လိုသည်။ကိုယ့်အိမ်ထောင်ဖက်ရဲ့ ပျော်ရွှင်မှုဖြစ်စေ
၊၀မ်းနည်း

မှုဖြစ်စေအတူတူမျှဝေခံစားသင့်သည်။ပျော်ရွှင်ဖွယ်ရာကောင်းသောဆက်ဆံရေးရှိသောမိဘနှင့်အတူနေထိုင်

သော သားသမီးများသည်လည်း ပျော်ရွှင်စိတ်ကြည်နူးပြီး
လိမ္မာယဉ်ကျေးသောကလေးများဖြစ်လာမှာမလွဲ။


စာကြွင်း

အထက်ပါ အချက်အလက်များသည် ကျမဖတ်မှတ်ဖူးသောစာနှင့်ကျမရဲ့ အယူအဆ တစ်ချို.သာဖြစ်သည်။

ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ခြင်းသာဖြစ်သည်။

ပုံကလေးကို ဒီကယူသည်။

8 comments:

  1. လောလောဆယ် ရန်ဖြစ်ထားတာဖြစ်ရမယ်။ ကို်ယ့်ကိုကိုယ် ဆုံးမနေတာဖြစ်နိုင်တယ။်

    ReplyDelete
  2. 2 Feb 09, 10:52 AM
    juneone: မနေ့ကသူ့ကိုစိတ်မကြည်
    2 Feb 09, 10:51 AM
    juneone: မမ ခန့်မှန်းတာ ၉၀%မှန်

    ReplyDelete
  3. ဖြစ်ရမယ်လေ.. kom အလကားနာမည်မကြီးဘူး.ခွိခွိခွိ.။

    ReplyDelete
  4. အသက်ငယ်သော်လည်း ဝါကြီးသူရဲ့ ဆုံးမစကားတွေကို နာယူသွားပါတယ်...

    ReplyDelete
  5. ဟုတ်ကဲ့ မှတ်သားထားပါမည်။ ဟီး ဟီး။ မမဂွိတဲ့ တဂွိပဲရှိတယ်။ စုံထောက်ကြီးမမဂွိ

    ReplyDelete
  6. အင်း... သက်ကြီးစကား.. သက်ငယ်ကြားရပါတယ်... ဒီပို့စ် အတွက် အများကြီးကျေးဇူးတင်ပါတယ်..

    ReplyDelete
  7. ကျော့ရေ.. ဆုံးမစကားတွေဖတ်ပြီး မှတ်သွားတယ်.. :)

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။