Saturday, April 25, 2009

အခုတစ်လော ရောက်တတ်ရာရာ

အခုတစ်လေားးးးးးး

-သားလေးက အိမ်အသစ်မှာ အထာမကျသေးလို့ အမေကို အရမ်းကပ်တယ်။အခန်းထဲကနေ အပြင်ကိုခြေတစ်

လှမ်း ထွက်လိုက်တာနဲ့ မားမား ...မားမားဆိုပြီးလိုက်တော့တာပဲ။ခွာလို့ကိုမရဘူး။သူ့ခမျာလည်း မိုးလင်းကနေ

မိုးချုပ် အမေ ကို ပဲတွေ့နေရတာဆိုတော့ အမေ့တစ်မျက်နှာတစ်ကမ္ဘာထင် နေတာ။အိမ်မှာ တစ်ယောက်ထဲ

ကစားဖော်လည်းမရှိတော့ ငါ့သားလေး သူများကလေးတွေနဲ့ဆို ဆော့တတ်ပါ့မလား စိုးရိမ်ပြီး သူ့ထက် ၁လခွဲ

ကျော်ကျော်ငယ် တဲ့ တူဝမ်းကွဲ လေးတို့အိမ်အလည်သွားတယ်။ထင်မထားလောက်အောင်ပဲ။ဆော့တတ်ပါပေပ။

အိမ်ရှေ့က ကလေးကစားကွင်းကိုခေါ်သွားတယ်။တန်းလေးတွေ ကိုင်ပြီးလမ်းလျှောက်လို့ရအောင်လို့။

လမ်းမလျှောက်ပဲ၊သစ်ရွက်တွေ ပဲကုန်းကောက်နေတယ်။အိမ်ကအတူနေ အစ်မက edwin ကိုsembwaste

မှာအလုပ်ခန့်လို့ရပြီတဲ့။Smile

-ဒီရက်အတွင်း သူ့ပါးပါးကစာမေးပွဲ ရှိတယ်။စာမေးပွဲရှိပါတယ်ဆိုမှ သူ့ကုမ္မဏီကလည်းပေးလိုက်တဲ့အလုပ်တွေ။

ပြီးခဲ့တဲ့ 21.04.09 က တစ်ဘာသာဖြေပြီးသွားပြီ။တစ်နှစ်စာကို ၂ ရက်ထဲ စာကြည့်ပြီးသွားဖြေရတယ်။

မဖြေနိုင်ဘူး။F မထိပါစေနဲ့ပဲဆုတောင်းရမယ်။Grade point က မရ ရအောင်ဖြည့်လို့ရသေးတယ်။F ထိရင်တော့

သေပြီဆရာ။29.04.09 မှာတစ်ဘာသာဖြေဖို့ ကျန်သေးတယ်။အလုပ် နဲ့ စာမေးပွဲ ကြားPressure တွေတစ်

အားများနေ တဲ့သူ့ ကိုကြည့်ပြီး ကိုယ်လည်းစိတ်မသက်သာ။

-မနေ့ ကိုယ်တို့ ရဲ့ ၉ နှစ်မြောက် အမှတ်တရ နေ့တစ်ခု။ဘာမှ ထွေထွေထူးထူး မလုပ်ဖြစ်ပါဘူး။sms ပို့ပြီးတစ်

ယောက်နဲ့တစ်ယောက် wish လုပ်တယ်။marriage လုပ်ပြီးကတည်းက သူ နဲ့ ကိုယ်နဲ့ အချစ်အကြောင်းပြော

ချင်ရင် sms ပို့ပြီးပဲပြောတယ်။အိမ်မှာ မျက်နှာချင်းဆိုင်မပြောဖြစ်ဘူး။ဖြစ်နိုင်ရင် လွန်ခဲ့တဲ့ ၉ နှစ်ကသွားခဲ့တ
ဲ့
ကမ်းခြေ လေးကိုပြန်သွားချင်တယ်။

-ခုတစ်လောနေသိပ်ပူတယ်။သားလေးနဲ့အပြင်မထွက်ဖြစ်ဘူး။KFC က chese အာလူးကြော်စားချင်တာနဲ့

အာလူချောင်း ၀ယ်ထားတာကို ကြော်ပြီး ချိစ် ၂ ပြား အပေါ်ကတင်ပြီး Microwave ထဲထည့်လိုက်တယ်။

ပြီးတော့ သားအမိနှစ်ယောက်တီးတယ်။

6 comments:

  1. နောက်တစ်ဘာသာဖြေနိုင်ပါစေ။

    ky

    ReplyDelete
  2. :)ပါးပါးစာမေးပွဲဖြေနိုင်ပါစေ။
    မဆော့တတ်တဲ့ကလေး သိပ်မတွေ့ဖူးဘူး။ စိတ်မပူနဲ့ ဆော့မှာပါ။ :P

    ReplyDelete
  3. ပျော်ရွှင်ချမ်းမြေ့ပါစေဗျို့

    ReplyDelete
  4. မင်္ဂလာနစ်ပါတ်လည် ပျော်ရွင်ချမ်းမြေ့ပါစေ။

    ReplyDelete
  5. အား... အာလူးနဲ့ ချီစ့်... ဝမှာ မကြောက်ဘူးပေါ့လေ...
    ဟီဟိ...

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။