Saturday, September 19, 2009

င ငါးသလောက်ပေါင်း

ဒီနေ့ အိမ်နားကယိုးဒယားဈေးကနေ ငါးသလောက်ဝယ်လာတယ်။ငါးသလောက်ကို ရှာလကာရည်၊ကြက်သွန်ဖြူ၊

နီ၊စပါးလင်၊အချိုမှုန့်၊ငါးပြာရည် ထည့်ပြီး ဆီနည်းနည်း ထည့် နယ်တယ်။ပြီးတော့လက်ဆေးရည်လေး ကို ငါးတုံး

တွေ မြုပ်တဲ့အထိ ထည့်ပြီး ပရက်ရှာကွေကာ နဲ့ နာရီဝက်လောက်တည်လိုက်တယ်။အခုပဲ မီးဖိုပေါ် ကချတယ်။

ပူပူလောလော သုံး ဆောင် သွားပါအုံး။


ငါးသလောက်က အမ ဥပါ ပါတယ်။

Friday, September 4, 2009

သားလေး နဲ့ မေမေ










CCK Poly Clinic ကနေအိမ်ကအတူနေတဲ့ အမရယ်၊ကိုယ်ရယ်၊ကိုယ်ကသားကလေးကိုချီပြီး ထွက်လာတယယ်။

ကိုယ်တို့ အိမ်က ဘတ်စ်ကားစီးရင်သိပ်မဝေး ပေမယ့် သားလေးပင်ပန်းမှာစိုးလို့တက္ကစီငှားဖို့ဆုံးဖြတ်လိုက်တယ်။

တက္ကစီ တစ်စီးလာနေတာတွေ့တာနဲ့ အတူပါလာတဲ့ အမက တားလိုက်တယ်။ကားထဲဝင်ထိုင်တယ် ဆိုရင်ပဲ

ဒရိုင်ဘာက အင်ဒိုနီးရှားလား လို့မေးတော့ ဘေးမှာထိုင်နေတဲ့ အမက မြန်မာလို့ ဖြေလိုက်တယ်။အဲဒီ့

အမက စွပ်ကျယ်သား အင်္ကျီ နဲ့ ဘောင်းဘီ ဆင်တူဝမ်းဆက် ၀တ်ထားပြီး ကိုယ်က အပြင်သွားရင် ၀တ်လေ့

ရှိတဲ့ ဂါဝန် နက်ပြာ ကိုဝတ်ထားတယ်။ကားစမောင်းပြီးသိပ်မကြာခင် ကိုယ်က အမကို ကိစ္စ တစ်ခု မြန်မာ

လိုပြောမိတော့ ဒရိုင်ဘာက ကိုယ့်ကိုစောင်းကြည့်ပြီး ဟင် နင်လဲမြန်မာပဲလား နင့်ကို employer မှတ်နေ

တာတဲ့။ကိုယ်လည်းအဖော်လိုက်လာပေးတဲ့ အမကိုအားနာပြီး ငါတို့က friends တွေလို့ပြောလိုက်တော့

နင်တိုမြန်မာတွေက တစ်ခုခုဆိုရင် share ကျတယ်နော်တဲ့။နင်တို့ဒီရောက်နေတာ ဘယ်လောက်ကြာ

ပြီလဲဆိုတော့ အမ က ၂နှစ်လောက်ရှိပြီဆိုတော့ ကိုရွှေ ဒရိုင်ဘာက ဒီcontract ၂နှစ်ပြီးရင် မြန်မာပြည် ပြန်ပေါ့

နောက်မှ အလုပ်အသစ်ထပ်ရှာပေါ့တဲ့
။ကိုယ်တို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်

ကြည့်ပြီး အင်းသူတော့ ငါတို့၂ယောက် ကို maid ထင်နေပြီ။ပြောရင်းဆိုရင်းပဲ အိမ်နားကိုရောက်လာတော့

ဒရိုင်ဘာက recipe ယူမလားတဲ့ ကိုယ်တို့က ဘာလုပ်ဖို့လဲဆိုတော့ နင် တို့ boss ဆီမှာပြန်claim ရအောင် တဲ့

သူ့ကလေးကို ဆေးခန်းသွားပြတာမလားတဲ့
။ကဲ ကောင်းလေရော။


ပြီးခဲ့အပတ်ကလည်း အိမ်က အဲဒီ အမက ROM ကို ကိစ္စ တစ်ခုနဲ့သွားတော့ ကိုယ်တိုးသားအမိလဲ လမ်းကြုံ

လို့ လိုက်သွားမိတယ်။ကိုယ်က အောက်က ကွာတားဘောင်းဘီ၊အပေါ်ကT ရှပ်နဲ့။ဟိုရောက်တော့ အမက

Q သွားစီနေတုန်း ကိုယ်နဲ့သားလေးကအပြင်မှာထိုင်နေတယ်။သားလေးက လျှောက်ဆော့နေတယ်။

အဲဒီမှာလက်မှတ်လာထိုးတဲ့ အတွဲ က သားလေးကိုသဘောကျပြီး ကိုယ်တို့နားလာပြီးသားလေး

ကို လာမြူတယ်။ပြီးတော့ so cute ဆိုပြီး သားလေးကို ဓာတ်ပုံရိုက်တယ်။ပြီးတော့ ကိုယ့်ကို where is his mom?

တဲ့။This is my son လို့ပြန်ပြောလိုက်တော့ sorry sorry ဆယ်ခါလောက်ပြောသွားတယ်။:(


သားလေးနဲ့ သွားတိုင်းအဲလိုပဲ ကိုယ့်သားဆိုရင် လူတွေက ယုံတမ်းပုံပြင်ကြားရသလိုပဲ။၇ ခါ၊၈ ခါ ထက်မနည်း

ကြုံရတယ်။သူနဲ့ကိုယ်နဲ့ ဥပဓိ ရုပ်တော်တော်ကွာနေလို့လား။ကိုယ်ကပဲ ဖြစ်သလိုဝတ်၊ဖြစ်သလို နေ နေလို့လား။

သားလေး အသားတော်တော်ဖြူတယ် ဖြူစွတ်နေတာ။ကိုယ်ကတော့ သာမန်ဖြူပဲ။အခု ကိုယ် နဲ့ အဲဒီ့ အမ

စဉ်းစားနေတယ် ဘာလုပ်ရရင်ကောင်းမလဲ။spa သွားရရင်ကောင်းမလား။

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။