Friday, April 29, 2011

စားမှာပဲ...စားမှာပဲ


ုအခုတလော နေလို့မကောင်းဘူး။သွေးတိုး ရှိလားမသိဘူး အုန်းနို့ နဲနဲစားရင်၊ဒညင်းသီးစားရင် ခေါင်းမူးတယ်။

ဘာမှလည်း မလုပ်ဘူး။ခေါင်းမူးတာအကြောင်းပြပြီး ပျင်းနေတယ်။ဒီညတော့ အခြေနေလေးနည်းနည်းကောင်း

တာနဲ့ ဘလော့ဖက်ပြန်လှည့်ဖြစ်တယ်။အစားအသောက် ပိုစ့်မတင်တာကြာလို့ တင်လိုက်တယ်။တို့က

အစားအသောက် ကိုကြွားစရာစာရင်းထဲထည့်တတ်တယ်။အထူးသဖြင့် မြန်မာအစားအသောက်ချက်ရင်ပေါ့။

စကားစပ်မိလို့ အစားအသောက်ဖက်ရောက်ရင် ဒီနေ့ဘာလေးကို ဘယ်လိုချက်တာပေါ့။အိမ်လာလည်တတ်

တဲ့ သူငယ်ချင်းတွေ ဆိုရင်လည်း တို့က ဘယ်သူကတော့ ဘယ်လိုအစားသောက်မျိုးကြိုက် တယ်ဆိုတာ

မှတ်ထားပြီး ၊သူတို့လာလည်လို့ ကိုယ်လဲ အားနေရင် လက်ရာကို ကြွားတဲ့အနေနဲ့ ချက်ကြွေးတယ်။ကဲ အခု

စကြွားပါတော့မယ်......................



မြန်မာပြည်သယ်လာတဲ့ သရက်သီးစိမ်း။အချို့ ကို ဒီလိုခွဲပြီး




ပါလာတဲ့ အလှူငံပြာရည်ကြော်(အလှူတွေမှာကျွေးတဲ့အရသာ)နဲ့ တို့စားတယ်။ အလှူငံပြာရည်ကြော် က

ဓာတ်ပုံမရိုက်ခင်ကုန်သွားလို့ တင်လို့မရတော့ဘူး။အချို့ ကို ဆားရည်စိမ်ပြီး သရက်သီးဆားစိမ်လုပ်ထားတယ်။

ဒီအောက်က ငါးပိရည်ဖျော်နဲ့ တို့စားလဲ ကောင်းတယ်။










ပုစွန်ဆိတ်နဲ့ ချဉ်ပေါင်ကြော်။





မြန်မာပြည်က ငါးရံ့အူ။





မြန်မာပြည်က ငါးမြင်းဆီပြန်။






၁၇လမ်းထိပ်က ဖက်တီးမဆိုင်က ၀ယ်ခဲ့တဲ့ ၀က်သားကောင်ညှင်းထုပ်။







ငါးခူငါးပိကောင်ကြော်။



ဒီအောက်က သင်္ကြန်တုန်း ကလုပ်စားတဲ့ မုန့်လုံးရေပေါ် နဲ့ မုန့်လုံးကြီး အုန်းနို့ဆမ်း။




ပုံထဲမှာတွေ့ သလောက်ပဲ စတိလုပ်လို့ ဘယ်သူ့ကိုမှ မဖိတ်ဖြစ်ဘူး။

5 comments:

  1. ကြွားတဲ့ အနေနဲ့ ချက်ကြွေးပါ။ :D

    ReplyDelete
  2. ကြွားတတ်လိုက်တာနော်.ဟင်းဟင်း.
    ဒီကလဲ စတိဘဲစားမှာပါ.

    ReplyDelete
  3. သရက်ကင်းစားချင်တယ်..။
    ငံပြာရည်ချက်နဲ့..။
    (ရန်ကုန်သူတွေ ငံပြာရည်ချက်မလုပ်တတ်ကြဘူးနော်..
    ဟင်းးးးးး)


    ရန်စသွားသည်။
    ပေါက်

    ReplyDelete
  4. လူပေါ်မူတည်တာပါဘဲ။ (စိတ်ရှည်သူတစ်ဦး)

    ReplyDelete
  5. စားစရာတွေ လာကြည့်ပြီး သွားရေကျ သွားပါတယ်..

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။