Thursday, April 12, 2012

သားလေး နဲ့ မော်ကျွန်း




blk 791,choa chu kang north 6,yewtee
ဆိုတဲ့ အသံ က taxi ပေါ်အတက်မှာ သားလေးဆီက

ထွက်လာတာပါ။ဒီကနေ နေ့ခင်း ဖလိုက် နဲ့ သွားတာ ရန်ကုန်ကို ၄ နာရီလောက် ရောက်ပါတယ်။

ရောက်ကထဲက taxi စီးတိုင်း Blk 791(တို့နေတဲ့အိမ်) ကို ပဲ သွားမယ်ပြောပြောနေတယ်။လေယာဉ်ပေါ် မှာလဲ

ပင်ပန်းလာတော့ နားချင်ပြီထင်ပါတယ်။silk air ကို Booking လုပ်ပြီးကာမှ MAI နဲ့ ၃၀၀ လောက်ကွာလို့

MAI ရွေးလိုက်တာ တကယ်ပါပဲ service ကလဲ ညံ့လိုက်တာ။infant 1,child1,adult2 ကို infant ပါတာကို ရှေ့

တန်းမပေး ဘူး။လေယာဉ် ပေါ်ရောက်တော့ ရှေ့ တန်းမှာလူကုန် တတ်ပြီး တဲ့အထိ ဘယ်သူမှာ မရှိလို့ ငါတို့

အရှေ့ တတ် ထိုင်ရရင် ကောင်းမယ်ဆိုပြီး ပြောနေတုန်း လေယာဉ် မယ်များနှင့် ရင်းနှီးသော

လူသန် လူမာ ယောက်ျားကြီးများ ဟိုး အနောက်မှနေ ရွေ့ ၀ုန်းဝုန်းနဲ့ နေရာဦးသလို ပြေးလာထိုင်ကြတယ်။

Silk air ဆို infant ပါထဲ က ပြောစရာမလိုဘူး။ရှေ့တန်းကိုပေးပြီးသား။သားလေး ရေသောက်ချင်လို့ေ၇ဘူး

ေ၇ထဲ့ ခိုင်းတာ ဟိုဟာပြီးလုပ်ပေး မယ်နော် ဒီဟာပြီးလုပ်ပေးမယ်နော် နဲ့။နောက်ဆုံးတစ်ယောက် ကြမှ ဘူး

ယူသွားပြီး ပြန်လာတယ်။ရေးဘူး အဖုံး မဖွင့်တတ်လို့ တဲ့။ေ၇ဘူး က ရိုးရိုး ၇ှင်း၇ှင်းဗူး ။မဖွင့် တတ်ဖူး ဆိုလို့

တော်တော် အံ့သြတယ်။


ဒါတင်မကသေးဘူး ပြန်ခါနီး တော့ MAI ကို ဖုံးဆက်ပြီး လေယာဉ် လက်မှတ် confirm လုပ်တယ်။ပထမ ဖုံးခေါ်

တယ် ၁၁ နာရီလောက် ၁၅ မီးနစ်နေမှ ပြန်ဆက်ပါတဲ့။နောက်တစ် ခါထပ်ဆက်တော့ တော်တော်နဲ့ မကိုင်ပြန်

တော့လဲ ခဏ ကိုင်ထားပါ ဆိုပြီး ကိုင်ခိုင်း ထားတာ ၁၅ မီးနစ်လောက်ကြာတယ်။ပြီးတော့မှ ကောင်မလေး

တစ်ယောက်လာကိုင်ပြီး confirm လုပ်ပေးတယ်။အပြန်ပိုတောင်ဆိုးသေး။check in ၀င်တာ ကောင်တာက

MAI ၀န်ထမ်းဟာ infant နဲ့ ကလေးပါတာ မသိဘူးလားမသိ အနောက်က emergency exit နားမှာပေးသဗျ။

boarding room ထဲရောက်မှ အဲဒီက ၀န်ထမ်းတွေ က ကလေးတွေ ပါတာ ကို အဲဒီနားပေးရသလားဆိုပြီး

အရှေ့နား(ရှေ့တန်းမဟုတ်) လဲပေးသဗျ။လေယာဉ်ကတတ်နေပြီ သမီးလေးအတွက် လူကြီးနဲ့ တွဲပတ်တဲ့ ခါးပါတ်

တောင်းတာ တော်တော်နဲ့ လာမပေးလို့ တော်တော်တောင်းယူရတယ်။ လေယာဉ် ဆင်းပြီး လေယာဉ် ပေါ်က

ဆင်းတော့ အ၀ က လေယာဉ်မယ်က အမ ခလေးခါးပတ် ဟိုခုံမှာပဲထားခဲ့သလားတဲ့။သူ့ ခါးပတ် အိမ်ကို

အလေးခံပြီး ဘာလုပ်ဖို့ များသယ်လာမတုန်း။သယ်သူတွေ ရှိလို့လားတော့ မသိဘူး။



အပေါ်က သားလေးအကြောင်း ဆက်ပြော ရရင် ရန်ကုန်မှာ တစ်ညပဲ အိပ်တော့ မသိသာဘူး။နောက်နေ့

မော်ကျွန်းကို ပြန်ပီး မော်ကျွန်းရောက်တော့ မှ စတော့တာပဲ။ မားမား Edwin go home.Edwin want to go

home.Edwin like Blk 791 ဆိုပြီးနေ့စဉ် ဂျီကျတော့တာပဲ။မနက် မိုးလင်းတာနဲ့ KFC စားမယ်။ဒိုးနပ်စားမယ်။

ပီဇာ စားမယ်ဆိုပြီး ပူတော့တာပဲ။တောမှာ ဒါတွေဘယ်ရမလဲ။အဲဒါတွေပြီးတော့ computer ,computer လို့

အော်တယ်။အိမ်မှာ က YouTube ကနေ ABC songs လေးတွေ ကြည့်နေကြလေ။ဒါတောင် မအေလုပ်သူက

တော်တော် များများဒေါင်းလုပ်လုပ်သွားသေးတာ။အဲဒါ သူတိုယ်တိုင် internet ကနေ မရှာရလို့။အသစ် new

one....အသစ် new one....ဆိုပြီးအော်နေသေးတာ။internet မှမရှိတာ ဘယ်လိုလုပ်မလဲ။ဖုန်းမှာလဲ သူဆော့နေ

ကျ ABC game လေးတွေ install လုပ်သွားတာ။အဲဒါတွေ ပျင်းလာတော့ မားမား new one install...new one

install ဆိုပြီးးးးးးးး


အရင်နှစ်တွေ ပြန်တုန်း ကငယ်သေးတော့ သိပ်မသိသေးဘူး။အခုသိတတ်နေပြီဆိုတော့ တော်တော် မလွယ်ဘူး။

ကလေးဆိုတော့ သူလိုချင်တာပဲသိတာပေါ့။နောင် ၂ နှစ် လောက်ဆိုရင်တော့ ပြောရင်နားလည်မှာပါ။တီတီဆွီ

ဘလော့မှာတွေ့မိတယ် ၃ နှစ်အရွယ်တွေဟာ ပြောရဆိုရခက်တယ်ဆို တာဟုတ်မယ်။သားလေးက ၄နှစ်နား

တော့နီးနေပြီ။ဒီတစ်ပါတ် ပြန်တာ ပင်ပန်းတယ်။ကလေးတွေက ဘယ်သူမှ ခေါ်လို့ မရဘူး။မအေပဲကပ်နေတာ။

ဘာမှကိုလုပ်လို့မရဘူး။အရင် ကလေးမရှိ ခင်ကပြန်သလို ရန်ကုန်မှာ ၀က်သားတုပ်ထိုးတို့၊ရခိုင်မုန့်တီ

အထမ်းသယ်တို့ မစားရတာ ဘယ်လောက်ကြာပြီလဲ။


စလုံးကိုပြန်လာတော့ လေဆိပ်ကနေ taxi ငှားလာတာ အိမ်နားရောက်ခါနီး မီးပွိင့်နားရောက်တော့ ကားပေါ်

မှာ ဖုံးကို ဆော့ရင်းလိုက်လာတာကနေ ၀ုန်းခနဲ့ ထရပ်ပြီး Edwin this one good...blk 791 good.....ဆိုပြီး

လက်သီးလက်မောင်းတန်းပြီး အော်လိုက်တာ သူဝမ်းသာနေပုံကအထင်းသား။သားလေးကသူ ကိုယ် ကိုယ်

Edwin လို့နာမည် ထဲ့ထဲ့ ပြောလေ့ ရှိတယ်။ဟိုနေ့ က သမီးလေးက ဖုံထဲကမော်ကျွန်းမှာရိုက်လာတဲ့ Video

files ကို ဖွင့်တော့ သားလေးက 'မားမား Edwin မော်ကျွန်းပြန်ပြီး ပြီတဲ့"အဲဒါနဲ့တို့လဲ အမှတ်တမဲ့ နဲ့

"Are you very happy?" တော့ ဘာပြန်ဖြေတယ်ထင်လဲ Edwin veryyyy Sad တဲ့။တို့လဲ Sad ဆိုတဲ့

အသုံးနှုန်း သူသိပ်သုံးလေ့ မရှိတော့ ရုတ်တရက် ကြောင်သွားပြီး ဘာ sad တုန်းသားရဲ့ ဆိုတော့

S-A-D ဆိုပြီး စာလုံးပါပေါင်းပြတယ်။ဆိုလိုချင်တာ သူမပျော်ဘူးပေါ့။နောင်နှစ်တော့

ဘယ်လိုလာမယ်မသိ။

မော်ကျွန်းမှာ ရိုက်ထားတာ။အဲလို ..အဲလို SAD နေတာ။





နှစ်သစ်မှာ စိတ်သစ်၊အင်အားသစ် တွေ နဲ့ ပျော်ရွှင်ကြပါစေ။

ဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး လာလည်သူတွေကို
ရေလောင်းလိုက်ပြီ။

Monday, April 9, 2012

09-04-2012

2၀12 ရဲ့ ပထမဆုံးပိုစ့် ကို အစားအသောက်နဲ့ စလိုက်တယ်။မနက်က သားလေးကိုကျောင်းပို့ပြီး သမီးလေးနဲ့ ဈေးသွားဝယ်တယ်။ငါးသလောက်တွေ့လို့ ၀ယ်လာတယ်။ပေါင်းအိုးပျက်သွားလို့ ရိုးရိုးဆီပြန် ပဲ မရမ်းသီးနဲ့ချက်လိုက်တယ်။
မြန်မာပြည်ပြန်တုန်း က မရမ်းသီးတွေ ၀ယ်လာတာ မစားနိုင်သေးလို့ ဆားရည်စိမ်ထားလိုက်တယ်။အခု အဲဒါနဲ့ချက်လိုက်တယ်။

မရမ်းသီးစားရည်စိမ်။



မရမ်းသီး နဲ့ချက်ထားတဲ့ ငါးသလောက်။




တို့စရာ၊မြှပ်စရာ။




ငါးရံ့ ငါးပိရည်ကျို။ငါးရံ့ ရည်ကျိုငါးပိကို မြန်မာ ကနေ ကော်ဘူး ထဲထည့် အပေါ် ကနေ ဖယောင်းရည်လောင်းပြီးသယ်လာတာ။၁ပိသာ ငါးဆယ်။





ကြက်ရိုးနဲ့ မုန်လာဥဟင်းချို။



ချဉ်ပေါင်ကြော်။


စားသွားကြပါအုံး။

လာလည်သူတွေအားလုံးကျေးဇူးပါ။ဟိုရက်တွေက မြန်မာပြည်ပြန်တာရယ် ၊သုံးနေတဲ့ လက်တော့ ပျက်သွား လို့ ဘလော့ဖက်မလှည့် ဖြစ်ဘူး။

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။