Thursday, April 11, 2013

မေ၊ အက်ဝင် နှင့် သူတို့၏ toilet



အက်ဝင်ကော မေကော အိမ်မှာ အိမ်သာသွားရင် အိမ်ကရေချိုးခန်းထဲက ဘိုထိုင်အိမ်သာမှာ ကလေးတွေ

ထိုင်လို့ရတဲ့ ဂွေအသေးလေး ထပ်တင်ပြိး သွားလေ့ရှိတယ်။ခရီးသွားရင် ဂွေကို သယ်သွားရတယ်။

မြန်မာပြည်ပြန်ရင် ရန်ကုန်က  တည်းခိုခန်းမှာ တည်းတော့လဲ ကိစ္စမရှိဘူး။အီအီး ပါချင်ရင် ဂွေလေး

အိမ်သာအိုးပေါ် ထပ်တင်လိုက်ယုံပဲ။ဒါမေငယ်ငယ်က ၁ နှစ် ၂လ ၂၅ ၇က် ကရိုက်ထားတာ..





မော်ကျွန်းအပြန်လမ်းသဘောင်္ပေါ်မှာ မေတို့၊အက်ဝင်တို့ အီးပါချင်တယ်ဆိုလို့ကတော့ တစ်ကယ့်ကွိုင်။

ပြီးခဲ့တဲ့ အခေါက်က မေလင်းလင်း မော်တော်ပေါ်မှာ အီအီးပါချင်တယ် ပြောလို့ ဒုက္ခကိုရောက်ရော။

သဘောင်္က အိမ်သာက ဆောင့်ကြောင့်ထိုင်ရတဲ့ဟာ ဂွေတပ်လို့မရ။အမေလုပ်သူက ဆောင့်ကြောင့်ထိုင်ပြီး

သူ့ကို အမေလုပ်သူ ပေါင်၂လုံးကြားပေါ်တင်ပြီး ဘိုထိုင်သဘောမျိုး လုပ်ပေးလဲ မမက ထိုင်နေကြမဟုတ်

တော့ မပါ။Diaper ထဲမှာ ပါလိုက်ဆိုတော့လဲ မဟုတ် တစ်ညလုံးဒုက္ခ ရောက်လိုက်တာ..........


မော်ကျွန်းရောက်တော့လည်း မော်ကျွန်းအိမ်က အိမ်သာက ရိုးရိုး ဆောင့်ကြောင့်ထိုင်ပဲလေ။အဲ့တော့

အမေလုပ်သူမှာ ဂွေနဲ့တော်တဲ့ ပလစတစ်ဗုံး တစ်လုံးဝယ်။ဗုံးထဲကို ပလစတစ် စွပ် ပြီးရင်ဂွေကို ပေါ်ကနေ

အံဝင်အောင်တင်ပြီး ဘိုထိုင်လုပ်ပေးရတယ်။အဲဒါမှ ပါတော်မူကြတယ်။စွပ်တဲ့ ပလစတစ်အိပ်ကိုလဲ ဒီကနေ

သယ်သွားတယ်။အောက်က ပုံပေါ့.....ဗုံးက အဖုံးလေးပါ ပါတယ်။မသုံးတဲ့အချိန်ဆို အဖုန်းလေးအုပ်ထား

ပေါ့။ဒီကိုပြန်လာတော့ နောင်နှစ်ပြန်ရင် သုံးရအောင် ဆေးကြောပြီး သိမ်းထားခဲ့တယ်။အပြန် ရန်ကုန်

သွားတဲ့ သဘောင်္ပေါ်ကိုတော့ အဲ့ဗုံးကိုမသယ်နိုင်တော့ဘူး။တစ်လမ်းလုံး သူတို့တွေ အီးမပါချင်ပါစေနဲ့

ဆုတောင်းရတယ်။








4 comments:

  1. ဖြေရလစ် ဖြစ်ရလေ
    ဟေမာ အခုထိ ဘွတ်၂ အိုးနဲ့မသွားဘူး ဒိုင်ပါထဲပဲ ၊ ပြောလဲမရ ။

    ReplyDelete
    Replies
    1. ဂွေကို ပလစတစ် အိမ်သုံးဆိုင်ကို သယ်သွားပြီး တော်လားမတော်လား စွပ်ကြည့်ရတာအေ။ဂွေကတော့ ပြန်တိုင်း အသစ်ဝယ်သွားတာပါ။

      Delete
  2. မိခင်တယောက်ရဲ့အခက်အခဲလေးတွေပေါ့ညီမရေ... ငယ်တုန်းကလဲငယ်လို့  ကြီးတော့လဲကြီးလို့  မရိုးရဘူးနော်... ဒါပေမယ့်လဲ ကြည်နူးစရာလေးတွေပါ... မောလဲမောရင်းပေါ့... သမီးလေးနဲ့ သားလေးက အရမ်းချစ်စရာကောင်းတယ်နော်... ဘိုထိုင်မဟုတ်တာလေးလဲ တဖြေးဖြေးလေ့ကျင့်ပေးပေါ့ညီမရယ်...

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။