Tuesday, May 21, 2013

21052013




ဟိုတစ်လောက ရေးထားတဲ့ ပိုစ့်ထဲမှာလို အက်ဝင် ဟာ သူက မာမားလို့ ခေါ်ရင် ကိုယ်က ဘာလဲလို့  

ထူးနိုင် ပြီး သူကျတော့ ဘာလဲလို့ မထူးရတာကို ခဏခဏ မေးခွန်းထုတ်တယ်။တို့က မာမားက လူကြီး

ဆိုတော့ ထူးလို့ရတယ် သားက ကျတော့ ကလေးဆိုတော့ အဲလိုမထူးရဘူးလို့ ပြောလိုက်မိတယ်။အခုထိ

လဲ သူခေါ်ရင် ဘာလဲ သားရေ လို့တော့ ထူးမိနေဆဲ။သူ့စိတ်ထဲမှာ သူသာလူကြီးဖြစ်ရင် ထူးလို့ရမှာပဲထင်

နေတယ်။

တစ်ရက်တော့သူက မာမား what is လူကြီး?တဲ့။တို့က လူကြီးဆိုတာ ပါပါးလို မန်းနီး ရှာနိုင်ရင် လူကြီးပေါ့

လို့ပြောတော့ သူက အက်ဝင်လဲ မန်းနီး ရှာမယ်တဲ့။တို့က သားကငယ်သေးတယ် ကျောင်းတွေ အများကြီး

တက်ရအုံးမှာ ကျောင်းပြီးတော့မှ ပိုက်ဆံရှာလို့ရမှာလို့ပြောမိတယ်။


ကိုယ်တော်က ဒီနေ့ နေ့လယ် ဘာစိတ်ကူးပေါက်ပြန်တယ်မသိဘူး တို့ဆီလာပြီး............

အက်ဝင်>>>မာမား  when edwin can make money,edwin will be လူကြီး

မာမား>>>>Yes

အက်ဝင်>>>မာမား After edwin go a lots of school(သူဆိုလိုချင် တာ ကျောင်ပြီးတဲ့အခါ သူ Eng လို သူပြောတတ်သလိုပြောတာ.),Edwin can make money and Edwin will be လူကြီး and 
when pa pa and mar mar cant not make the money,pa pa n mar mar will be ကလေးလေးလား

တဲ့။သူပြောမှပဲ ကိုယ့်ကိုယ် ကို ပိုက်ဆံမရှာနိုင်တော့ပဲ သားသမီးရှာကျွေးတာ ထိုင်စားနေရတဲ့ သူငယ်ပြန်

အဘွားကြီးဘ၀ ကို မျက်လုံးထဲ ထင်းခနဲ မြင်လာတယ်။



2 comments:

  1. တတ်လိုက်တဲ့ကလေးလေး..။ တလောက အတ်ဝင်မာမားတစ်ယောက်ကျောင်းကနေသွားဖြီးပြီးပြန်လာတဲ့အကြောင်းရင်းလေးကို အကျယ်ရေးပါဦးလားအမရယ်..း)
    မောင်နှမနှစ်ယောက်လုံးချစ်ဖို့လည်းကောင်း ၊ စကားကလည်းတတ် ၊ တော်ကလည်းတော်ကြတယ်နော်။ အိမ်ထောင်ကျလို့ကလေးရရင်တော့ အဲ့လိုမျိုးလေးတွေလိုချင်သား..း)

    ReplyDelete
  2. Edwin ရဲ့ အတွေးတွေက စိတ်ဝင်စားဖို့ကောင်းတယ်...


    pifpif

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။