Saturday, June 1, 2013

Edwin (မှတ်တိုင်၅)


မာမား အက်ဝင် မြန်မာ story ဖတ်မယ်။ဟဲ့ ဗုဒ္ဓေါ  လို့အော်ပြီး လက်ထဲက မင်းဒင်ရဲ့သက်ခိုင် စာအုပ်ကို

ဘေးချထားလိုက်ရတယ်။အဲဒါလေ အဲ့ဒီ့စာအုပ်ဖတ်မှာ ဆိုပြီး မင်းဒင်ရဲ့သက်ခိုင်ကို လက်ညိုးထိုးပြတယ်။

အောင်မလေး ဒီစာအုပ်သူ ဘယ်လိုဖတ်မလဲ အခုမှ မြန်မာစာ သင်ခန်းစား ၅ခုလောက်ပဲရသေးတာ။

သားရယ် သားဖတ်လို့မရသေးပါဘူး ဆိုပြီးသိမ်းလိုက်ရတယ်။သူ့ရှေ့တောင် စာအုပ်ဖတ်လို့ဖြစ်ဘူး။

သူက ဘာသာစကားတွေကို စိတ်ဝင်စားတယ်။စိတ်မ၀င်စားခင်တာ ပြောရနဲနဲခက်တာ စိတ်ဝင်စားပြီဆို

သဲသဲမဲမဲ ဇွဲရှိတယ်။သင်ပုန်းကြီးစာအုပ်လဲဖွတ်ဖွတ်ကြေနေပီ။သူငယ်တန်းဖတ်စာအုပ်နောက်တစ်အုပ်နဲ့

ပထမတန်းမြန်မာဖတ်စာအုပ်လူကြုံနဲ့ထပ်မှာထားတယ်။


အခု တရုတ်စာလဲ စိတ်ဝင်စားတယ်။အမေလုပ်သူကို အကုန်ရနေတယ်သူထင်နေတယ်။သူတရုတ်ကျူရှင်

ကနေထွက်လာရင် သင်တဲ့ ထဲက သူမသိတာတွေမေးတော့တာပဲ။လမ်းမှာမလို့ အိမ်ကျမှပြောပြမယ်ပြော

ရင် မာမား  you learn from computer. If you cannot,you ask the  aunty Yin Yin Thu တဲ့။သူစာ

မေးရင် အမေလုပ်သူက စာလုံးတွေကို မှန်းပြီး Google translate ကနေရှာတယ်။ Pinyin ကို သိရင်

ရှာရတာပိုလွယ်တယ်။ရှာလို့တွေ့ရင် သူ့ကို အဲ့ကနေ အသံနားထောင်ခိုင်းရတယ်။ရှာရခက်တဲ့အလုံးဆိုရင်

တော့ တရုတ်စာရတဲ့ လင်ညီအမ(ယဉ်ယဉ်သူ) အိမ်သွားပြီး စာမေးရတာပေါ့။အဲဒါကို သူကပြောတာ။



သူတို့က K1 ဆိုတော့ ကျူရှင်  phyin yin မသင်သေးဘူး။ပြီးခဲ့တဲ့ ၂ ပတ်ကျော်က သူမျက်စိနာနေလို့

ကျူရှင် ပျက်တော့ တို့က ကျူရှင်ကိုသွားပြီး သူရဲ့ အဲ့နေ့ကသင်တဲ့ သင်ခန်းစာသွားတောင်းလိုက်တော့

ကျူရှင်ဆရာမလေးက နင်တို့ထဲမှာ တရုတ်စာတတ်တဲ့သူ ရှိလား သူ့ကိုဘယ်လိုသင်မလဲမေးတော့။ငါ

 အင်တာနက်ကနေရှာ ပြီး လုပ်ပေးတယ်ပြောတော့ ငါအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမယ်ဆိုပီး

နောက်အပတ်ကျတော့တစ်ပတ်သင်တဲ့ စာလုံး တွေကို Pinyin တွေရေးပေးလိုက်တယ်။Pinyin ကို

ရေးပေးတော့ ရှာရလွယ်တာပေါ့။သူက ကိုယ့်ကို တရုတ်စာ မေးချင်ရှာတယ်။ကိုယ်ကလဲ ထမင်းစား

ရေသောက်လောက်ပဲ ပြောတတ်တာ။အခု အက်ဝင့်ကို ကူရှာပေးရင်း ကိုယ်ပါ ရောသင်နေရတယ်။


အခုတရုတ်ကျူရှင်သွားရတာပျော်လာတယ်။အင်္ဂလိပ်ကတော့ K2 ကျမှပဲ ထားမယ်စိတ်ကူးတယ်။

အခု အက်ဝင်ဟာ တော်တော်လေးကို အမေးမြန်းထူလာတယ်။စကားကလဲ များသလားမမေးနဲ့။

တစ်ချိန်လုံး တရစပ်ကိုမေးနေတော့တာပဲ။သူ့မွေးနေ့က စနေနေ့ကျမှာကို အမေလုပ်သူက သူပျော်

အောင် သေကြာနေ့ ကျောင်းမှာ မွေးနေ့လုပ်ပေးမယ်ပြောထားလို့ နေ့ခင်း အိပ်ယာက ထတိုင်း

သောကြာနေ့ကို ရောက်ချင်နေတာ။သောကြာနေ့မဟုတ်သေးဘူး ပြောလိုက်ရင် စိတ်ကောက်ပြီ။

ဘာလိုလိုနဲ့ အက်ဝင်လေးတောင် ၅ နှစ်ပြည့်ခဲ့ပြီ။သူဟာ အခုချိန်ထိ ကပ်စေးမနည်းဘူး၊သူ့ပစ္စည်း

သူများဆော့ချင်ရင် အတင်းပေးဆော့တယ်။ဝမ်းနည်းတတ်တယ် ငိုတဲ့ကားတို့ တိုက်ခိုက်တဲ့

ကာတွန်းကားတို့မကြည့်ဘူး။အသည်းငယ်တယ်။သူ့ကို ကာယ နဲ့ပတ်သတ်လို့တော့တော်တော်

လေ့ကျင့်ပေးရအုံးမယ်။အားကစားတစ်ခုခုတော့ လုပ်ခိုင်းမှ။ရေကူးတော့ ၀ါသနာပါတယ်။

ဒီ ၅နှစ်ကနေနောင် နှစ် ပေါင်းများစွာ သားကောင်းရတနာ ဖြစ်အောင် ပြုစု ပျိုးထောင်းပေရအုံးမယ်။


HAPPY BIRTHDAY EDWIN  !
သူက ချောကလက် ကိတ်လိုချင်တာတဲ့...








 အောက်က ဖေ့ဘုတ်ပေါ်မှာ ၄နှစ်ကနေ ၅နှစ်အတွင်း သူနဲ့ပတ်သတ်တဲ့ ပိုစ့်လေးတွေကို 

ဘလော့ပေါ်အမှတ်တရပြန်ကူးထားတာ....



























လုံးကြီးတင်...လုံးကြီးတင်ဆံခတ်...သင်ပုန်ကြီးစာအုပ်က စာလုံးကသေး မှင်က ညံ့ ၊ကလေးတော့ တော်တော် အားစိုက်ကြည့်ရတယ်။

 


မြန်မာစာ ဖတ်ချိန်သို့ တဖန်ကျရောက်လာပြန်ပြီ...




Edwin's Learning Myanmar Languages ......@19-3-2013 





Term1 end Song & rhymes review @Tien Hsia Chinese language School..


Term2 chinese




5 comments:

  1. Victor Feng happy birthday Edwin!
    12 hours ago · Unlike · 1

    Winny Khinmg Happy Birthday ... Edwin!!!
    11 hours ago · Unlike · 1

    Aunty Tint Happy Pre Birthday Edwin
    11 hours ago · Unlike · 1

    Naychi Maung Happy Birthday!!!
    ရှမ်းအကျီလေးနဲ့ ချစ်စရာလေး
    12 hours ago · Unlike · 1

    Theingi Maw happy birthday..edwin
    11 hours ago · Unlike · 1

    Khin Su Htwe Win very cute happy birthday,edwin!
    11 hours ago · Unlike · 1
    Myat Phyo Happy happy birthday clever boy, Edwin
    11 hours ago via mobile · Unlike · 1

    Thandar Thwin Happy Birthday Edwin.
    10 hours ago · Unlike · 1

    Kyi Kyi Khin Happy Birthday Edwin!
    9 hours ago · Unlike · 1

    Maw Naing happy birthday ပါသားသားရေ
    6 hours ago via mobile · Like
    Mie Nge ပျော်ရွှင်ပါစေ သားသား အက်ဝင်းးးးးးး ၀င်း ဆိုတဲ့အတိုင်း အရာရာကို အောင်မြင်ပါစေ သား သား ကွန်မန့်တွေလာဖတ်နော်
    6 hours ago · Unlike · 1


    ReplyDelete
  2. မွေးနေ့တိုင်းမှာပျော်ရွှင်ပါစေသားလေးရေ

    ReplyDelete
  3. မွေးနေ့မှာပျော်ရွှင်ပါစေ.. Edwin

    pifpif

    ReplyDelete
  4. HBD Edwin lay!

    Aunty

    ReplyDelete
  5. အက်ဝင်လေး ငါးနှစ်တောင်ပြည့်သွားပေါ့ ။
    လိမ်မာတဲ့သားလေးမို့ သားကောင်ရတနာလေး ဖြစ်မှာ သေချာတာပေါ့ ။
    ဖေဖေ မေမေ ညီမလေးတို့ နဲ့ အတူ အမြဲပျော်ရွှင်ကျန်းမာပါစေ ။

    ဒီလို သားလေးတွေ သမီးလေးတွေ တော်တာ လိမ်မာတာ ကျော့ကြောင့် ၊ ကျော့သိပ်တော်လို့ ....

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။