Saturday, September 28, 2013

ကလေးတွေအကြောင်း(၅)


လွန်ခဲ့တဲ့ ၂ ရက်လောက်က အက်ဝင့်ကို  ကျောင်းသွားပို့တော့

အက်ဝင့်ဆ၇ာမက "အက်ဝင့်မာမီကိုပြောစရာရှိတယ်။"

"ဟုတ်  ပြောပါ"

"အက်ဝင်လေ ဟိုနေ့က အတန်းထဲမှာ animals story ကိုပြောပြနေတုန်း ယုန်အခန်းရောက်တော့ ငိုတယ်"

"ဟုတ်လား ဆရာမ။သူက ၀မ်းနည်းလွယ်တယ်။တစ်ခုတခု ၀မ်းနည်းစရာပါလို့နေမယ်။သူက တိုက်တာ 

ခိုက်တာတွေပါတဲ့ကာတွန်းကားတွေလဲ မကြည့်ဘူး။"


"ဟုတ်တယ်။အခုတော့ သူ့ကို အတန်းထဲမှာ အားလုံးကလဲခင်တယ်။အဆင်ပြေတယ်။တကယ်လို့ 

တစ်ယောက်ယောက်က အနိုင်ကျင့်မယ်ဆိုရင်လဲ ကျမက သူ့ကို အပြည့်အ၀ ကာကွယ်ပေးနိုင်တယ်။

ဒါပေမယ့် ကျောင်းပြင်ပ လှုပ်ရှားမှု့ တွေမှာတော့ လူများတော့ သူ့ကို သေချာလိုက်မကြည့်နိုင်တော့ 

သူများတွေ အနိုင်ကျင့်မှာစိုးရိမ်ရတယ်။"


"ဟုတ်ဆရာမ ကျေးဇူးပါ။"


ကျောင်းဆင်းပြီး အိမ်ကိုရောက်တော့ အမေလုပ်သူက ပန်းကန်ဆေးနေရင်း

" သားရေ လာအုံး သား ဟိုနေ့ကတီချယ် အတန်းထဲမှာ animals story ဖတ်ပြတုန်းက ငိုတယ်ဆို 

ဘာဖြစ်လို့လဲ "ဆိုတော့ ကိုယ်တော်လေးက

" မာမား Rabbit push the baby bear and I  feel sad for baby bear.Mummy bear is big but 

baby bear too small.I dont like the bad manner animal.I like good manner animals."

တဲ့။

နောက်နေ့ ဆရာမကို ပြန်ပြောပြတော့  ဟုတ်တယ် သူ အဲ့နေရာမှာငိုတာ တဲ့။


သူလား တိုက်တာ ခိုက်တာ၊တစ်ယောက် က တစ်ယောက်ကို အနိုင်ကျင့်တဲ့ ကာတွန်းမျိုးတွေ မကြည့်ဘူး။

Tom and Jerry ကာတွန်းဆိုလဲ ဘယ်လိုမှ ကြည့်ခိုင်းလို့မရဘူး။ သူ့ကို ခံနိုင်ရည်ရှိအောင် လုပ်ပေးရအုံး

မယ်။သူ့ကို စိတ်ပူရတယ်။

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။