Monday, February 10, 2014

အက်ဝင်

 ဒါ facebook မှာတင်ဖူးတာ Blog မှာပြန်တင်တာ

အက်ဝင်

November 3, 2013 at 1:21am
အက်ဝင် ဟာ စကားပြောနောက်ကျတယ်။၂ နှစ်မှာ A-Z ကို ကောင်းကောင်းဖတ်နိုင်ပေမယ့် စကား သိပ်မပြောဘူး။ပါပါး မာမားတော့ ခေါ်တယ်။ယောက္ခမ ကပြောတယ် ပါပါး မာမားလဲ ခေါ်တယ် စာလဲ ဖတ်နိုင်တယ်ဆိုတော့ အ အတော့ မဖြစ်နိုင်ဘူးတဲ့။ယောက္ခမလဲ စကားပြောအောင် ကြက်ဖင်ဆီဘူးတွေလဲ ကြော်ကျွေးတာပဲ မထူးခြားဘူး။အဲ့ အချိန်တုန်းက မေလင်းလင်း မွေးဖို့ပြန်နေချိန်။နောက် ကျတော့ ယောက္ခမက ပြောတယ် သက်ဦး စကားပြောနောက်ကျရင် စီးပွားကောင်းတယ်တဲ့ ဆိုပြီး လက်လျော့လိုက်တာ။

၂ နှစ်ခွဲလောက်ကျတော့ စပြောတယ်။အခုလဲ ကျရော ရေပက်မ၀င် နားကို ငြီးနေတာပဲ။ကလေးပဲ မလို့လားသိဘူး သူ့ တွေးခေါ်ပုံဟာ တစ်မျိုးပဲစာဆိုရင် သူရနေတဲ့ စာလုံးကို သူ့ကို ပိုသိအောင် ရေးခိုင်းတာတို့ ဖတ်ခိုင်းတာတို့ ဆိုရင် စိတ် မ၀င်စားဘူး အသစ် အသစ်ပဲ တတ်ချင်တယ်။ညအိပ်ခါနီးကျလို့ စာမလုပ်ပဲ အိပ်ယာဝင်ရင် သူ study time မလုပ်ရပဲ အိပ်ရလို့ရစ်သေးတာ။နဲနဲတော့ လုပ်လိုက်ရမှ။မြန်မာစာလဲ တော်တော် ဖတ်တတ်နေပြီ။တစ်ချို့ဟာတွေဆို အဓိပ္ပါယ် မသိပေမယ့် အသံထွက်မှန်အောင် ဖတ်နိုင်တယ်။ဟိုနေ့က အနားမှာရှိတဲ့ စာအုပ်ကိုတွေ့လို့ သူဖတ်လိုက်တာ..ခင်ခင်ထူး..ခမည်းကြိုးတဲ့...အသံထွက်က တန်းနေတာပဲ..

အခု တရုတ်စာကျူရှင် ကျောင်း ထားတယ်။ Term 1 တုန်းက နောက်ဆုံး အပတ်မှာ စာမေးပွဲပြန်စစ်တာ မသိတော့ ဒီအတိုင်းပဲ လွှတ်လိုတာ ၆၀ မှာ ၄၅ ရတယ်။Term 2 ကျတော့ စာမေးပွဲဖြေရမဲ့အချိန်မှာ တရုတ် ကဗျာ ဆိုရတယ်။၁ပုဒ် ၁၀ မှတ်။၎ ပုဒ်မှာ ကိုယ်ကြိုက်တာ ၁ပုဒ် ဆိုရတာ။အဲ့မှာ ကိုယ်တော်က ပလွတ် ပလွတ်ရတဲ့ အပုဒ်တွေ ပါရဲ့သားနဲ့ ထစ်နေတဲ့ အပုဒ်ကိုမှရွေးဆိုခဲ့တယ်။ကျန်တာတွေ အကုန်မှန် ကဗျာ ၁မှတ်လျော့ နဲ့ ၆၀ မှာ ၅၉ ရတယ်။T3 မှာ မြန်မာပြည်ပြန်နေလို့ မဖြေလိုက်ရဘူး။Term 4 အခု အပတ်ကျတော့ အမေ လုပ်သူက သားလေး ကဗျာကို ကိုယ်ရတာပဲ ဆိုနော်လို့မှာလိုက်တာကို အရင်အတိုင်းပဲ ၄ ပုဒ်ထဲမှာ ဒေါင်းဒေါင်းပြေးရတဲ့
အပုဒ်ကို မဆိုဘဲ ထစ်နေတဲ့ အပုဒ်ကို ဆိုခဲ့ အမေလုပ်သူက သား ဘြာဲဖစ်လို့ ရတဲ့ အပုဒ်တွေ မဆိုခဲ့တာလဲဆိုတော...........

မာမား edwin already good at the other three.I am not good at ရှောင်ဝှားမောင်းတဲ့။ရှောင်းဝှားမောင်းကို သူ ကောင်းကောင်း မရလို့ ဆိုခဲ့တာတဲ့။သူ့စိတ်ထဲမှာ အဲ့ဒါ ဆိုလို့ ထစ်နေရင် ဆရာမက ထောက်ပေးမယ်ထင်နေတာလား။သူ့ရဲ့ ထုံးစံ အတိုင်း မရသေးတဲ့
အသစ်ကိုပဲ စိတ်ဝင်စားလို့လား မသိဘူး။အဲ့ အပုဒ်ကို သူ ထစ်နေလို့ ကိုယ့်မှာ ရှေ့အပတ်က သူ့ဆရာမကိုတောင် သူထစ်နေတဲံ နေရာ မေးပြီး မှတ်လိုက်ရသေးတာ ပြန်သာ မကျင့်ပေးဖြစ်တာ။အခြစ်ရေတာ ၁ပုဒ်မှား နဲ့ ကဗျာ ၁မှတ်လျော့ ၆၀ မှာ ၅၈ ပဲရခဲ့တယ်။ဒီအပတ်သူ့ကို သေချာ မလုပ်ပေးဖြစ်တာရယ် စာလုံးတွေက သံတူ ကြောင်းကွဲတွေများနေလို့ အဲ့လောက်တောင်ရမယ် မထင်ထားတာ အမှန်ပဲ။အဲ့လောက်ရတော့လဲ ဘာလို့ ဒီကဗျာ ဆိုခဲံတာလဲ။ဟို အခြစ်မှားတာလဲ မမှားသင့်ဘူးဆိုပြီးတော့ မပြောသာ ပြောသာ ပြောလိုက်သေးတယ်။


 (စကားပြောနောက်ကျတဲ့ ကလေး အတိုးချပြောသလားမှတ်ရတယ် မျက်စိ နှစ်လုံး ပွင့်ကတည်းက အကြောင်းရာမျိုးစုံကို မနားမနေ မာမီ မာမီ ဆိုပီး ခေါ် ခေါ်ပြီးပြောလိုက်တာ ခေါင်းတောင်မူးတယ်။ပြောယုံတင်မကဘူး မေးခွန်းတွေကလဲ ပါသေးတယ်။စားလုံး တစ်လုံးရရင်တော့ တစ်နေကုန် အဲ့ အကြောင်းပဲ တစ်နေကုန်ပြောတော့တာပဲ။ဒီလပိုင်းတွေ ပိုဆိုးလာတယ်။ကစားကွင်းမှာ မြန်မာ အချို့ကိုတွေ့လို့ ရှိရင်လဲ ညေပးလာပြီးပြောသေးတယ် တအံ့တသြနဲ့ မာမား They know how to speak myanmar တဲ့။မနေ့ညက ခရီးသွားငါးယောက်ရဲ့ သီချင်းနားထောင်တော့ အဲ့ အထဲက ဘ၀ ဆိုတာကို နားထောင်မိတော့ ထူးဆန်းတယ်ထင်ပ မာမီ what mean of ဘ၀ ?တဲ့ အမေလုပ်သူ ဘယ်လောက်တော်လဲ ဘ၀ ဆိုတာ Life ကိုပြောတာပေါ့ သားရဲ့။ဆက်မေးတယ် so what is life...နဲနဲ ခေါင်းစားသွားတယ်။အင်း ဘ၀ ဆိုတာယ်ြလိုပြေရမလဲ From birth to death ပေါ့သားရယ် ပြီးစလွယ်ဖြေခဲ့တယ်။..အမေလုပ်ရတာ ချက်ပြုတ်ကျွေးမွေး ပြုစု ယုံတင်မက သူတို့ မေးတာတွေဖြေဖို့ GK ကလဲ ရှိရအုံးမှာပါလားလို့ အခုမှ သဘောပေါက်တယ်။(အက်ဝင်))

1 comment:

  1. ဟင်းဟင်းဟင်း
    စာတွေ ဘာတွေ ပြန်ဖတ်ထားရတော့မလားပဲ
    ဘသဝ
    အက်ဒဝင့် ဖိနပ်လေး လှမှ လှ
    လူလေးကလဲ ရယ်နေတာ ချစ်စရာ


    pifpif

    ReplyDelete

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။