Tuesday, February 18, 2014

16/02/2014



အမေလုပ်သူ အလုပ်ပြန်လုပ်မယ်စီစဉ်တာမလို့ ကလေးထိန်းခေါ်တယ်။ကလေးထိန်းမလာခင် ညက

အက်ဝင့် အိပ်ယာထဲမှာ အက်ဝင် မာမီ အလုပ်သွားလုပ်ရင် မမ တစ်ယောက်ခေါ်ထားမယ်။အဲ့မမက

အက်ဝင်တို့ကို ကျောင်းလိုက်ပို့ပေးလိမ့်မယ်။မာမီ စောစောပြန်လာမယ်။မမနဲ့လိမ်လိမ်မာမာနေနော်။

လို့ပြောတော့ ခေါင်းညိတ်တယ်။ကိုယ့်စိတ်ထဲမှာ သူနားလည်ပါ့မလား ထင်နေတယ်။နောက်နေ့လေဆိပ်

မှာ အဲ့ကလေးမလေးကို သွားကြိုတော့ သူကမေးတယ်"mommy,ma ma can speak only myanmar?

တဲ့။မမ လို့သူ့ကိုပြောတဲ့ အတွက် မြန်မာဆိုတာ သူနားလည်ပုံရတယ်။ဟုတ်တယ် သား မြန်မာလိုပဲတတ်

တာ ဘာဖြစ်လို့လဲ။If I want to play playdough,how to say in myanmar? တဲ့။မြန်မာပြည်မှာတော့

ဆော့တဲ့ ဂျူံ့လို့ခေါ်တယ်ထင်တယ်။မမ ဂျုံဆော့မယ်ပေါ့ ပြောလေသား။Ok ,so I can say မမဂျုံဆော့

မယ်ပေါ့။If I want pass urine,I must say ရှုးရှုးပေါက်မယ်လား မာမီ။If i want to wear sock,ခြေစွပ်

စွပ်မယ် ပေါ့နော် မာမီ။အေးဟုတ်တယ်။If I take shower,I should say ရေချိုးမယ်ပေါ့နော်။မြန်မာလို

ဘယ်လို ပြောရတယ်ဆိုတာ အမေ လုပ်သူဆီမှာ သေချာအောင်မေးနေတာ။အော် ကိုယ်ပြောတာသူနား

မလည်ဘူးထင်နေတာ သူသိသားပဲ။သိလို့ ဘယ်လို ဆက်ဆံရမယ်ဆိုတာတောင် ကြိုမေးလိုက်သေး။


အခု အဲ့ကလေးမ ရောက်ကတည်းက အမေလုပ်သူက တစ်ခုခုပြောလိုက်ရငါ အရင်လို Yes,mommy

မပြောတော့ဘူး။ဟုတ်ကဲ့ မေမေ တဲ့။


Monday, February 10, 2014

ကလေးတွေအကြောင်း ၇.....



အိမ်မှာတော့ မေဟာ စတားပဲ။အငယ်လဲဖြစ် မိန်ကလေးလဲ ဖြစ် သွက်လဲသွက်တယ်လေ။အက်ဝင်ကတော့

ခပ်အေးအေးသမားပဲ မေ့ကို နမ်းလို့မကလို ဖက်နေနေ ချစ်တယ်လို့ပြောပြော ဘယ်လိုမှမနေဘူး။မေလင်း

ကတော့ အကိုလုပ်သူကို အင်္ကျီလေး ၀တ်ပေးတာ အကိုလုပ်သူကို သားလေး ခေါ်တာ နမ်းတာ ချစ်တယ်

ပြောရင် ဘေးနားကနေ မျက်နှာ ပုပ်ကြီးနဲ့ How about may lin lin ဆိုပြီး အတင်လာမေးတော့တာ။

အကိုလုပ်သူကို နမ်းရင်လဲ မကြိုက်ဘူး အတင်းသူ့ပါးလာထိုးပေးတာပဲ။မေ့မှာ အကျင့်ကောင်းလေးတွေ

က ဘာမဆို သူ့အားသူကို ချင်တာပဲ။ဘာမဆို I can do myself ပဲ။ကျောင်းသွားချိန် မထသေးရင်

လင်း ကျောင်းမတတ်တော့ဘူးလား ဆိုတာနဲ့ အတင်းကုန်းထတာပဲ။စနေ၊တနင်္ဂနွေတောင် ကျောငိး

တက် ချင်နေသေးတာ။ကျောင်းမှာ အင်္ဂါ နေ့ဆို gym ရှိတယ်လေ။သူ သိပ်ပျော်ပေါ့။အဲ့နေ့ မရောက်ခင်

တနင်္လာနေ့ ကတည်းက မာမီ I want to go to exercise room.Can I say to teacher "I want  to

go exercise room"တဲ့။သူက ဖော်ရွှေတယ်။အပေါင်းအသင်းမင်တယ်။ဒါပေမယ့် တစ်ခါ တစ်လေ

ဂျစ်ကန်ကန်။ဆင်ခြေ၊ဆင်လက် ကလဲ များသေးတယ်။ဟိုတလောက သယ်ရင်းကလေးတွေ လာလည်လို့

ဆော့တယ် ပြန်သွားတော့ အမေလုပ်သူက သူ့ကို အရုပ်တွေပြန်သိမ်းခိုင်တာ ဘာပြောတယ်မှတ်လဲ

ကျယ်ကျဲ ဆော့သွားတာတဲ့။သူဆော့တာမဟုတ်ဘူးတဲ့။သူမဆော့လို့ မသိမ်းနိုင်ဘူးဆိုတဲ့သဘော။








မေဟာ အမေလုပ်သူကို သိပ်တွယ်တာ။တစ်ခါတစ်လေ သူနဲ့ကိုယ် ၂ယောက်ထဲ ဆို အမေလုပ်သူကိုလာ

ပြီး ပါကလေးဖျစ်လိုက် လာနမ်းလိုက် ဆံပင်လေးတွေ လာသပ်တင်လိုက်နဲ့ လာလာပြီး လူကို ကြွေအောင်

လုပ်နေတာ။


အက်ဝင်ကတော့ တစ်ခါတစ်လေ အမေလုပ်သူက နမ်းရင်တောင် မာမား ဘာလို့နမ်းတာလဲ ဆိုတာမျိုး။

အက်ဝင်တစ်ယောက် အခုတစ်လော တရုပ် လိုသိပ်ပြောချင်တယ် မာမီ မခေါ်တော့ဘူး။မာမားတဲ့ တော်။

တရုပ်လိုတွေလဲ အင်္ဂလိပ်ကြားညှပ်ရဲ့။ဒီကြားထဲ မြန်မာလိုကလဲ ညှပ်သေး။ကစားကွင်းမှာ မြန်မာတွေ တွေ့

ရင် မြန်မာလိုပြောချင်တယ်။ဖုန်းထဲမှာ တရုပ်လို ရေးပြီး အင်္ဂလိပ်လို ပြန်တဲ့ application မှာ မြန်လိုရေးချင်

လို့တဲ့ သူလိုက်ရှာသေးတယ်။သူက မြန်မာလိုရေပြီး အင်္ဂလိပ်ကိုပြန်ချင်တာ။အက်ဝင်ဟာ ဘယ်အရာမဆို

သင်လွယ်တယ် မကောင်းဘူးလို့ ပြောထားတဲ့ဟာဆိုလဲ မကောင်းဘူးဆိုပြီး အပီ မှတ်ထားတာပဲ။သူ့ညီမ

လုပ်တာတွေ့ရင်လဲ ပြောလို့မဆုံးတော့ဘူး။

ဒါပေမယ့် အကြီးမလို့လားမသိဘူး ကိုယ့်ကိုယ် မလုပ်ချင်ဘူး အရာရာတိုင်း အမေအားကိုးချင်တယ်။ဥပမာ

သွားတိုက်ဆေး ညှစ်တာလေးကအစ။အမေ လုပ်သူက သားဖာ့သာ သားလုပ်ဆိုတော့ ကြိုးစားပြီး ညှစ်

တယ် မထွက်ဘူး။ညီမလုပ်သူက ရေချိုးခန်း အ၀ သွားပြီး ကိုကိုး ဒီလိုညှစ်လေ ဒီလိုဆိုပြီး လက်နဲ့ညှစ်တဲ့

ပုံစံလုပ်ပြတယ်။အကိုလုပ်သူက ညီမ လုပ်သူဆီ လှမ်းပေးတယ်။ညီး မလုပ်သူက ဘာပြောတယ်ထင်လဲ။

No ko ko, you must do yourself တဲ့။သူက ညှစ်တတ်လို့ သွားတောင် တိုက်ပြီးပီလေ အကိုလုပ်သူက

ညှစ်မရသေးဘူးလေ။မေလင်းလင်း အမေ လေသံကို လိုက်တာ။ခွေးမလေး.............


အက်ဝင်စိတ်ကောက်ရင်ရီရတယ်။နှုတ်ခမ်းကိုထော်ထားတာပဲ။ဘယ်လိုမှ ချော့လို့မရဘူး။သွားမချော့နဲ့နော်။

အဲ သူ စိတ်ပြေရင် မာမီ အက်ဝင် စိတ်ကောက်တော့ဘူးလို့ စိတ်ကောက်ပြီးပီလို့ တရားဝင်ကြေငြာတယ်။

ဒီပုံ ကြည့်




အခုတလော သူ့ရဲ့ ဆိုက်ကိုက သူ့ ဥဥ(သူ့အပြော)/ရွှေပန်းကို ဘယ်နည်းနဲ့မဆို ထိတာ မကြိုက်ဘူး။

တစ်ရက် အမေလုပ်သူက အင်္ကျီ လဲပေးရင် လက်နဲ့ မတော်တစ်ဆ ထိမိသွာားတာကို စိတ်ကောက်လိုက်

တာ မပြီးတော့ဘူး။အခုနောက်ပိုင်း သူ့ကို အ၀တ်လဲပေးရင် သူ့ဥဥကို လက်နဲ့ဖုံးထားတယ်။အမေလုပ်သူ

လက်နဲ့ ထိမှာစိုးလို့တဲ့။

အခုတစ်လောကျောင်းမှာ healthy foods တွေ အကြောင်းသင်တော့ Vege လုံးဝ မစားတဲ့သူက အခု

အရွက်တော်တော် များများ စားလာတာ ၀မ်းသာစရာပဲ။

(နောက် အချိန်ရရင် ဆက်ရေးအုံးမယ်)


အက်ဝင်

 ဒါ facebook မှာတင်ဖူးတာ Blog မှာပြန်တင်တာ

အက်ဝင်

November 3, 2013 at 1:21am
အက်ဝင် ဟာ စကားပြောနောက်ကျတယ်။၂ နှစ်မှာ A-Z ကို ကောင်းကောင်းဖတ်နိုင်ပေမယ့် စကား သိပ်မပြောဘူး။ပါပါး မာမားတော့ ခေါ်တယ်။ယောက္ခမ ကပြောတယ် ပါပါး မာမားလဲ ခေါ်တယ် စာလဲ ဖတ်နိုင်တယ်ဆိုတော့ အ အတော့ မဖြစ်နိုင်ဘူးတဲ့။ယောက္ခမလဲ စကားပြောအောင် ကြက်ဖင်ဆီဘူးတွေလဲ ကြော်ကျွေးတာပဲ မထူးခြားဘူး။အဲ့ အချိန်တုန်းက မေလင်းလင်း မွေးဖို့ပြန်နေချိန်။နောက် ကျတော့ ယောက္ခမက ပြောတယ် သက်ဦး စကားပြောနောက်ကျရင် စီးပွားကောင်းတယ်တဲ့ ဆိုပြီး လက်လျော့လိုက်တာ။

၂ နှစ်ခွဲလောက်ကျတော့ စပြောတယ်။အခုလဲ ကျရော ရေပက်မ၀င် နားကို ငြီးနေတာပဲ။ကလေးပဲ မလို့လားသိဘူး သူ့ တွေးခေါ်ပုံဟာ တစ်မျိုးပဲစာဆိုရင် သူရနေတဲ့ စာလုံးကို သူ့ကို ပိုသိအောင် ရေးခိုင်းတာတို့ ဖတ်ခိုင်းတာတို့ ဆိုရင် စိတ် မ၀င်စားဘူး အသစ် အသစ်ပဲ တတ်ချင်တယ်။ညအိပ်ခါနီးကျလို့ စာမလုပ်ပဲ အိပ်ယာဝင်ရင် သူ study time မလုပ်ရပဲ အိပ်ရလို့ရစ်သေးတာ။နဲနဲတော့ လုပ်လိုက်ရမှ။မြန်မာစာလဲ တော်တော် ဖတ်တတ်နေပြီ။တစ်ချို့ဟာတွေဆို အဓိပ္ပါယ် မသိပေမယ့် အသံထွက်မှန်အောင် ဖတ်နိုင်တယ်။ဟိုနေ့က အနားမှာရှိတဲ့ စာအုပ်ကိုတွေ့လို့ သူဖတ်လိုက်တာ..ခင်ခင်ထူး..ခမည်းကြိုးတဲ့...အသံထွက်က တန်းနေတာပဲ..

အခု တရုတ်စာကျူရှင် ကျောင်း ထားတယ်။ Term 1 တုန်းက နောက်ဆုံး အပတ်မှာ စာမေးပွဲပြန်စစ်တာ မသိတော့ ဒီအတိုင်းပဲ လွှတ်လိုတာ ၆၀ မှာ ၄၅ ရတယ်။Term 2 ကျတော့ စာမေးပွဲဖြေရမဲ့အချိန်မှာ တရုတ် ကဗျာ ဆိုရတယ်။၁ပုဒ် ၁၀ မှတ်။၎ ပုဒ်မှာ ကိုယ်ကြိုက်တာ ၁ပုဒ် ဆိုရတာ။အဲ့မှာ ကိုယ်တော်က ပလွတ် ပလွတ်ရတဲ့ အပုဒ်တွေ ပါရဲ့သားနဲ့ ထစ်နေတဲ့ အပုဒ်ကိုမှရွေးဆိုခဲ့တယ်။ကျန်တာတွေ အကုန်မှန် ကဗျာ ၁မှတ်လျော့ နဲ့ ၆၀ မှာ ၅၉ ရတယ်။T3 မှာ မြန်မာပြည်ပြန်နေလို့ မဖြေလိုက်ရဘူး။Term 4 အခု အပတ်ကျတော့ အမေ လုပ်သူက သားလေး ကဗျာကို ကိုယ်ရတာပဲ ဆိုနော်လို့မှာလိုက်တာကို အရင်အတိုင်းပဲ ၄ ပုဒ်ထဲမှာ ဒေါင်းဒေါင်းပြေးရတဲ့
အပုဒ်ကို မဆိုဘဲ ထစ်နေတဲ့ အပုဒ်ကို ဆိုခဲ့ အမေလုပ်သူက သား ဘြာဲဖစ်လို့ ရတဲ့ အပုဒ်တွေ မဆိုခဲ့တာလဲဆိုတော...........

မာမား edwin already good at the other three.I am not good at ရှောင်ဝှားမောင်းတဲ့။ရှောင်းဝှားမောင်းကို သူ ကောင်းကောင်း မရလို့ ဆိုခဲ့တာတဲ့။သူ့စိတ်ထဲမှာ အဲ့ဒါ ဆိုလို့ ထစ်နေရင် ဆရာမက ထောက်ပေးမယ်ထင်နေတာလား။သူ့ရဲ့ ထုံးစံ အတိုင်း မရသေးတဲ့
အသစ်ကိုပဲ စိတ်ဝင်စားလို့လား မသိဘူး။အဲ့ အပုဒ်ကို သူ ထစ်နေလို့ ကိုယ့်မှာ ရှေ့အပတ်က သူ့ဆရာမကိုတောင် သူထစ်နေတဲံ နေရာ မေးပြီး မှတ်လိုက်ရသေးတာ ပြန်သာ မကျင့်ပေးဖြစ်တာ။အခြစ်ရေတာ ၁ပုဒ်မှား နဲ့ ကဗျာ ၁မှတ်လျော့ ၆၀ မှာ ၅၈ ပဲရခဲ့တယ်။ဒီအပတ်သူ့ကို သေချာ မလုပ်ပေးဖြစ်တာရယ် စာလုံးတွေက သံတူ ကြောင်းကွဲတွေများနေလို့ အဲ့လောက်တောင်ရမယ် မထင်ထားတာ အမှန်ပဲ။အဲ့လောက်ရတော့လဲ ဘာလို့ ဒီကဗျာ ဆိုခဲံတာလဲ။ဟို အခြစ်မှားတာလဲ မမှားသင့်ဘူးဆိုပြီးတော့ မပြောသာ ပြောသာ ပြောလိုက်သေးတယ်။


 (စကားပြောနောက်ကျတဲ့ ကလေး အတိုးချပြောသလားမှတ်ရတယ် မျက်စိ နှစ်လုံး ပွင့်ကတည်းက အကြောင်းရာမျိုးစုံကို မနားမနေ မာမီ မာမီ ဆိုပီး ခေါ် ခေါ်ပြီးပြောလိုက်တာ ခေါင်းတောင်မူးတယ်။ပြောယုံတင်မကဘူး မေးခွန်းတွေကလဲ ပါသေးတယ်။စားလုံး တစ်လုံးရရင်တော့ တစ်နေကုန် အဲ့ အကြောင်းပဲ တစ်နေကုန်ပြောတော့တာပဲ။ဒီလပိုင်းတွေ ပိုဆိုးလာတယ်။ကစားကွင်းမှာ မြန်မာ အချို့ကိုတွေ့လို့ ရှိရင်လဲ ညေပးလာပြီးပြောသေးတယ် တအံ့တသြနဲ့ မာမား They know how to speak myanmar တဲ့။မနေ့ညက ခရီးသွားငါးယောက်ရဲ့ သီချင်းနားထောင်တော့ အဲ့ အထဲက ဘ၀ ဆိုတာကို နားထောင်မိတော့ ထူးဆန်းတယ်ထင်ပ မာမီ what mean of ဘ၀ ?တဲ့ အမေလုပ်သူ ဘယ်လောက်တော်လဲ ဘ၀ ဆိုတာ Life ကိုပြောတာပေါ့ သားရဲ့။ဆက်မေးတယ် so what is life...နဲနဲ ခေါင်းစားသွားတယ်။အင်း ဘ၀ ဆိုတာယ်ြလိုပြေရမလဲ From birth to death ပေါ့သားရယ် ပြီးစလွယ်ဖြေခဲ့တယ်။..အမေလုပ်ရတာ ချက်ပြုတ်ကျွေးမွေး ပြုစု ယုံတင်မက သူတို့ မေးတာတွေဖြေဖို့ GK ကလဲ ရှိရအုံးမှာပါလားလို့ အခုမှ သဘောပေါက်တယ်။(အက်ဝင်))

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။