Wednesday, July 15, 2015

ကလေးတွေ အကြောင်း ၁၂


ကလေးတွေ ဘယ်အချိန်မှာ အိမ်မက် စမက်တတ်တယ် အိမ်မက် မက်တာ သူတို့ ဘယ်လိုသိတယ်ဆိုတာ

သေချာမသိ မလေ့လာမိဘူး။ပြီးခဲ့တဲ့ လက သူတို့ အဖေ ခရီးသွား နေတုန်း တစ်မနက် အက်ဝင်ကပြော

လာတယ် မာမီ အက်ဝင် bad dream မက်တယ်တဲ့။ဒယ်ဒီနဲ့ သူနဲ့ အပြင်သွားတာ ဒယ်ဒီ က hole ထဲကျ

သွားလို့ဆိုပြီးလာပြောတော့ အော် အက်ဝင်တောင် အိမ်မက် မက်တတ်နေပြီတော့ လို့ စိတ်ထဲ မှာအမှတ်

ထင်ထင် မှတ်မိတယ်။

သူက ညဏ်ကောင်းတယ် စာကို တစ်ခေါက်လောက်မြင်ရင် မှတ်မိတော့ စာရေးပြီး လေ့ကျင့်ခန်းမလုပ်

ချင်ဘူး ပျင်းတယ်။တရုတ်စာ ဆိုလဲ မကျင့် ချင်ဘူး။အမေ လုပ်သူက အက်ဝင် စာကို သေချာလုပ်မယ်

အင်္ဂလိပ်စာကိုလည်း လက်ရေးလှလှ ရေးမယ်ဆို Samsung pad တစ်လုံး ၀ယ်ပေး မယ်လို့ ပြောထား

တယ်။အဲ့ဒါကို စွဲတယ်ထင်ပါရဲ့ ဒီနေ့ မာမီ အက်ဝင် ညက မာမီ အက်ဝင့်ဖို့ Samsung pad ၀ယ်လာတယ်

လို့ အိမ်မက် မက်တယ်တဲ့။လင်းလင်းကတော့ မမက်တတ်သေးလို့လား မသိ ဘာမှမပြောသေးဘူး။

No comments:

Post a Comment

some feedback to me

Chat box

ဘယ်ကလာလည်နေတယ် ဆိုတာ။